Posts

၂။ စကား များများပြောတာ။

 ၂။ စကား များများပြောတာ။ ပါးစပ်ဆိုတာ စိတ်နှလုံးသားရဲ့ ကိုယ်စားလှယ်ပဲ။ ပါးစပ်က လိမ်ပြော တဲ့အခါ နှလုံးသားမှာလည်း လိမ်တဲ့ပုံစံဖြစ်လာတယ်။ ပြီးရင် နှလုံးသားက မဲသွားတယ်။ လိမ်ပြောရင်း လိမ်ပြောရင်းနဲ့ နှလုံးသားက အလ္လာဟ်အရှင်မြတ်နဲ့ ပတ်သက်တဲ့ အသိပညာတွေကို မရနိုင်တော့ဘဲ သေသွားတတ်တယ်။ အမှန် တရားကို လက်မခံနိုင်တော့ဘူး။ တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က (ကိုယ့်နှုတ်လျှာနဲ့ အရှက်အင်္ဂါကို စောင့်ထိန်းဖို့ တာဝန်ယူတဲ့သူ ဂျန္နသ် ရဖို့ ငါ တာဝန်ယူတယ်) လို့ မိန့်တော်မူခဲ့တယ်။ (နှုတ်လျှာရဲ့ လုပ်ရပ်တွေက လူတွေအများကြီးကို ဂျဟန္နမ် (ငရဲ) ဆီ ဇောက်ထိုးတွန်းချလိမ့်မယ်) လို့ မိန့်တော်မူခဲ့တယ်။  ဒီတော့ မလိုအပ်တာ၊ အကျိုးမရှိတာတွေ မပြောကြပါနဲ့။ ပါးစပ်နဲ့ ကျုးလွန်တတ်တဲ့ မကောင်းမှုတွေ ၁။ လိမ်ပြောတာ။ တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က (လိမ်ပြောတာက မုစ်လင်မ်အလုပ်မဟုတ်ဘူး။ အီမာန်ယုံကြည်ခြင်းနဲ့ လိမ်ပြောခြင်းက တစ်နေရာတည်းမှာ အတူမရှိနိုင်ဘူး) လို့ အမိန့်ရှိခဲ့တယ်။ နောက်ပြောင်ပြီးတော့ လိမ်ပြောတာကလည်း လိမ်တာပါပဲ။ ကလေးတွေကိုလိမ်တာက ပိုဆိုးတယ်။ ဥပမာ အပြင်သွားကာနီး ကလေးကို မခေါ်သွား ချင်တော့ ပြန်...

စာအုပ်များနဲ့စကားပြောခြင်း ၁။ အစားများများစားခြင်း

၁။ အစား များများစားတာ။ လိုအပ်တာထက် များများစားချင်တာက အကုသိုလ်တွေဖြစ်စေတယ်။  အကောင်းကိုမှ စားချင်တာကနေ မကောင်းတဲ့အကျင့်တွေ ဖြစ်လာစေတယ်။ တတ်နိုင်တဲ့သူတွေက (ငါတို့က ဒါမျိုးတွေ စားနိုင်တယ်) ဘယ်ဆိုင်မှာ သွားစားခဲ့တာ ဆိုတာမျိုး  ဂုဏ်ယူကြွားတာတွေ   ဖြစ်လာနိုင်ပြီး၊ မစားနိုင်သူတွေကို အထင်သေးတာတွေ ဖြစ်လာတတ်တယ်။ မတတ်နိုင်သူတွေကလည်း တတ်နိုင်သူတွေလို စားနိုင်ဖို့၊  ကြွား နိုင်ဖို့ ကြိုးစားကြရင်း မကောင်းမှုတွေ  ဖြစ်လာတတ်တယ်။ တမန်တော်မြတ်ကွယ်လွန်ပြီးနောက်ပိုင်း လူတွေ ပထမဆုံး အသစ် ဖန်တီးတဲ့ (ဗိဒ်အသ်)လုပ်ရပ်က  ဗိုက်အပြည့်စားတာပဲ လို့ အာအိရှဟ်သခင်မက ပြောခဲ့တယ်။ များများစားတာရဲ့ ဆိုးကျိုးတွေ ၁။ နှလုံးသားမသန့်တော့ဘူး၊ မကြည်လင်တော့ဘူး။ ဗိုက်ပြည့်နေတဲ့ အတွက် လေးလံနေမယ်။ ကောင်းမှုတွေလုပ်ဖို့ ပျင်းလာမယ်။ ၂။ ကောင်းမှုကုသိုလ်တွေလုပ်တဲ့အခါ အရသာမရှိတော့ဘူး။ ရိုသေမှု လျော့လာမယ်။ ၃။ မကောင်းတာလုပ်ချင်တဲ့စိတ်ရိုင်းကို ထိန်းချုပ်ဖို့ ခက်လာမယ်။ ၄။ ကိုယ့်လိုပဲ သူများတွေလည်း အမြဲ ဗိုက်ပြည့်နေတယ်လို့ ထင်လာပြီး ဗိုက်ဆာနေသူတွေကို ကိုယ်ချင်းစာဖို့ မလွယ်တော့ဘူး။ အကောင်းဆုံး စားသောက်တဲ့ပုံစံ ဗိုက...

စာအုပ်များနဲ့ စကားပြောခြင်း-၁-

  ကိုယ့်မှာရှိနေလား မကောင်းတဲ့အကျင့်(၁၀)ခု ကိုးကား အစ္စလာမ်နှင့်သူတော်ကောင်းကျင့်စဉ်စာအုပ် (မွဖ်သီနူးရ်မိုဟမ္မဒ်) ကုရ်အာန်မှာ  [[ကိုယ့်နှလုံးသားကို သန့်ရှင်းအောင်လုပ်တဲ့သူက အောင်မြင်မှုကို ရတဲ့သူဖြစ်တယ်}}  လို့ ပါတယ်။ တမန်တော်မြတ်(ဆွ)က (သန့်ရှင်းစင်ကြယ်ခြင်းဟာ(အီမာန်) ယုံကြည်ခြင်းရဲ့ တစ်ဝက်ဖြစ်တယ်}  လို့ အမိန့်ရှိတယ်။ (အီမာန်) သက်ဝင်ယုံကြည်ခြင်းမှာ နှစ်ပိုင်းရှိတယ်။ ၁။ အလ္လာဟ်မနှစ်သက်တဲ့အရာတွေ နှလုံးသားမှာ မရှိအောင် လုပ်တာ။ ၂။ အလ္လာဟ်နှစ်သက်တဲ့အကျင့်ကောင်းတွေနဲ့ နှလုံးသားကိုအလှဆင်တာ။ ဒီတော့ နှလုံးသား သန့်ဖို့ အကျင့်ဆိုး (၁၀)မျိုးကို ရှောင်ရမယ်။ မကောင်းတဲ့အကျင့်ဆိုးတွေက။ ၁။      အစား များများ စားတာ၊ ၂။      စကား များများ ပြောတာ၊ ၃။      ဒေါသ ထွက်တာ၊ ၄။      မနာလိုတာ၊ ၅။      ကပ်စေးနှဲတာ၊ ၆။      ဂုဏ်မက်တာ(ဂုဏ်ဆာတာ)၊ ၇။      စည်းစိမ်မက်တာ၊ ၈။      မာနကြီးတာ၊ ၉။      ကိုယ့်ကိုယ်ကို အထင်ကြီးတာ၊ ၁၀။      ဟန်ဆောင်တာ၊