စာအုပ်များနဲ့စကားပြောခြင်း ၁။ အစားများများစားခြင်း

၁။ အစား များများစားတာ။

လိုအပ်တာထက် များများစားချင်တာက အကုသိုလ်တွေဖြစ်စေတယ်။ 

အကောင်းကိုမှ စားချင်တာကနေ မကောင်းတဲ့အကျင့်တွေ ဖြစ်လာစေတယ်။

တတ်နိုင်တဲ့သူတွေက (ငါတို့က ဒါမျိုးတွေ စားနိုင်တယ်) ဘယ်ဆိုင်မှာ သွားစားခဲ့တာ ဆိုတာမျိုး ဂုဏ်ယူကြွားတာတွေ 

ဖြစ်လာနိုင်ပြီး၊ မစားနိုင်သူတွေကို အထင်သေးတာတွေ ဖြစ်လာတတ်တယ်။

မတတ်နိုင်သူတွေကလည်း တတ်နိုင်သူတွေလို စားနိုင်ဖို့၊ ကြွားနိုင်ဖို့ ကြိုးစားကြရင်း မကောင်းမှုတွေ 

ဖြစ်လာတတ်တယ်။

တမန်တော်မြတ်ကွယ်လွန်ပြီးနောက်ပိုင်း လူတွေ ပထမဆုံး အသစ် ဖန်တီးတဲ့ (ဗိဒ်အသ်)လုပ်ရပ်က 

ဗိုက်အပြည့်စားတာပဲ လို့ အာအိရှဟ်သခင်မက ပြောခဲ့တယ်။

များများစားတာရဲ့ ဆိုးကျိုးတွေ

၁။ နှလုံးသားမသန့်တော့ဘူး၊ မကြည်လင်တော့ဘူး။ ဗိုက်ပြည့်နေတဲ့

အတွက် လေးလံနေမယ်။ ကောင်းမှုတွေလုပ်ဖို့ ပျင်းလာမယ်။


၂။ ကောင်းမှုကုသိုလ်တွေလုပ်တဲ့အခါ အရသာမရှိတော့ဘူး။ ရိုသေမှု

လျော့လာမယ်။


၃။ မကောင်းတာလုပ်ချင်တဲ့စိတ်ရိုင်းကို ထိန်းချုပ်ဖို့ ခက်လာမယ်။


၄။ ကိုယ့်လိုပဲ သူများတွေလည်း အမြဲ ဗိုက်ပြည့်နေတယ်လို့ ထင်လာပြီး

ဗိုက်ဆာနေသူတွေကို ကိုယ်ချင်းစာဖို့ မလွယ်တော့ဘူး။

အကောင်းဆုံး စားသောက်တဲ့ပုံစံ

ဗိုက်ဆာမှ စားတာ၊ စားချင်စိတ် ကျန်နေသေးတဲ့အချိန် ရပ်လိုက်တာ။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က

(ငါ့နောက်လိုက်တွေထဲမှာ အဆိုးဆုံးသူတွေကတော့ အစားကောင်း အသောက်ကောင်းတွေကို စားပြီး 

ကြီးလာသူတွေဖြစ်တယ်။ အဲဒီလိုလူတွေက အစားကောင်းအမျိုးမျိုးနဲ့ ဝတ်ကောင်းစားလှတွေ ဝတ်စားဖို့ပဲ 

အာရုံရှိကြတယ်။ သူတို့က ပါးစပ်တွေအကျယ်ကြီးဟပြီး စကားတွေ ပြောတတ်ကြပေမယ့် 

ကောင်းတဲ့အလုပ်တွေ မလုပ်တတ်ကြဘူး) လို့ အမိန့်ရှိခဲ့တယ်။

ကိုးကား

အစ္စလာမ်နှင့်သူတော်ကောင်းကျင့်စဉ်စာအုပ်

(မွဖ်သီနူးရ်မိုဟမ္မဒ်)


 

Comments

Popular posts from this blog

စာအုပ်များနဲ့ စကားပြောခြင်း-၁-

၂။ စကား များများပြောတာ။