စာအုပ်များနဲ့ စကားပြောခြင်း-၁-
ကိုယ့်မှာရှိနေလား
မကောင်းတဲ့အကျင့်(၁၀)ခု
ကိုးကား
အစ္စလာမ်နှင့်သူတော်ကောင်းကျင့်စဉ်စာအုပ်
(မွဖ်သီနူးရ်မိုဟမ္မဒ်)
ကုရ်အာန်မှာ
[[ကိုယ့်နှလုံးသားကို သန့်ရှင်းအောင်လုပ်တဲ့သူက အောင်မြင်မှုကို ရတဲ့သူဖြစ်တယ်}}
လို့ ပါတယ်။
တမန်တော်မြတ်(ဆွ)က
(သန့်ရှင်းစင်ကြယ်ခြင်းဟာ(အီမာန်) ယုံကြည်ခြင်းရဲ့ တစ်ဝက်ဖြစ်တယ်}
လို့ အမိန့်ရှိတယ်။
(အီမာန်) သက်ဝင်ယုံကြည်ခြင်းမှာ နှစ်ပိုင်းရှိတယ်။
၁။ အလ္လာဟ်မနှစ်သက်တဲ့အရာတွေ နှလုံးသားမှာ မရှိအောင် လုပ်တာ။
၂။ အလ္လာဟ်နှစ်သက်တဲ့အကျင့်ကောင်းတွေနဲ့ နှလုံးသားကိုအလှဆင်တာ။
ဒီတော့ နှလုံးသား သန့်ဖို့ အကျင့်ဆိုး (၁၀)မျိုးကို ရှောင်ရမယ်။
မကောင်းတဲ့အကျင့်ဆိုးတွေက။
၁။ အစား များများ စားတာ၊
၂။ စကား များများ ပြောတာ၊
၃။ ဒေါသ ထွက်တာ၊
၄။ မနာလိုတာ၊
၅။ ကပ်စေးနှဲတာ၊
၆။ ဂုဏ်မက်တာ(ဂုဏ်ဆာတာ)၊
၇။ စည်းစိမ်မက်တာ၊
၈။ မာနကြီးတာ၊
၉။ ကိုယ့်ကိုယ်ကို အထင်ကြီးတာ၊
၁၀။ ဟန်ဆောင်တာ၊
Comments
Post a Comment